ဤပန်းကန်သည် ဝိုင်း၍မတ်စောက်သည်။ အခြေနိမ့်ပြီး ပြားသည်။ အောက်ခြေတွင် အက်ရာရှိပြီး သံချောင်း(၃)ချောင်းအရာကိုလည်း တွေ့ရသည်။ ကြွေရည်အရောင်စိုပြီး မျက်နှာပြင်တွင် အက်ရာနှင့် သံမှုန်ပြောက်များရှိပြီး အောက်ခြေတွင် ကြွေရည်ပါးသော ကြောင့် ကော်ဖီရောင်မြေဆေးအချို့ကိုလည်း တွေ့ရသည်။ ပန်းကန်အပြင်ပိုင်းတွင် အဝိုင်း ၄ ဝိုင်းရှိပြီး အဝိုင်းအတွင်းတွင် Peony ပန်းခက်ထွင်းထားပြီး ဘေးတွင် ထန်မြက် ဖြင့် အလှဆင်ထားသည်။ အောက်ခြေတွင် ကြာပန်းပွင့်ဖတ်နှစ်ဆင့်ဖြင့် ပုံဖော်ထားပြီး အလျားလိုက်မျဉ်းကြောင်းဖြင့် ခြားထားသည်။ ပန်းကန်အတွင်းပိုင်းအလယ်တွင် ဂန္ဓမာပန်းပုံနှင့် ဘေးပတ်လည်တွင် ပုလဲလုံးတွဲကို ကြာပန်းပွင့်ဖတ်နှစ်ဆင့်ထဲတွင် ပုံဖော် ထားပြီး အလျားလိုက်မျဉ်းနှစ်ကြောင်းဖြင့် ခြားထားသည်။ ပန်းကန်အတွင်းပိုင်း နံရံတွင် အပွင့်ဝေဆာသော ပန်းခက်နှစ်စုံရှိပြီး တစ်စုံပေါ်တွင် ပါးစပ်အမဲရောင်ရှိသည့် ရွှေဗျိုင်း မောင်နှံနားနေသည်မှာ ကြည်နူး၍ ချစ်စရာကောင်းလှပေသည်။
လူကြိုက်များသည့်အညွှန်းကိန်း:2 |
---|