ဒီပြတိုက်ဟာမကြာသေးသောရှေ့ နှစ်များအတွင်းစုဆောင်းခြင်း ၊ စီမံခန့် ခွဲခြင်း ၊ ထိန်းသိမ်းခြင်း ၊ ပြခန်းပြ သခြင်း ၊ လေ့လာခြင်း ၊ ကျယ်ကျယ်ပြန့် ပြန့် သိရှိစေခြင်းစသဖြင့်အဘက်ဘက်၌အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့ သည်။ပြည်ပရှိနာမည်နာမည်ကျော်ကြားသောပြတိုက်များနှင့်အားတက်သရောအပြန်အလှန်နှင့်ပညာရပ်ဆိုင်ရာ ဖလှယ်ခြင်းများပြုလုပ်ခဲ့သည်၊ပြတိုက်၏အဘက်ဘက်မှအင်အားကိုမြှင့်တင်ရန်၊အနန္တကြွယ်ဝသောအမြင်နှင့်နိုင်ငံ တကာအမြင်ကို အလေးထား၍ ရှေးဟောင်းပစ္စည်းပြတိုက်ကို ခေတ်ကာလရေစီးကြောင်းနှင့်ကိုက်ညီစေပြီး ပြည် သူတရပ်လုံးနှင့်ဆိုင်သော ပြတိုက်ဖြစ်သွားစေရန် ဆောင်ရွက်ခဲ့သည်။
၁ . ဤပြတိုက်သည်2010ခုနှစ်နိုဝင်ဘာလတွင်ပြင်သစ်နိုင်ငံ ဂမ်းမက်ပြတိုက်(GuimetMuseum)နှင့် ပူးပေါင်း ဆောင်ရွက်ရန်ရည်ရွယ်သည့် စာချုပ်ချုပ်ဆိုခဲ့သည်။ ကျွန်ုပ်တို့ ၏ပြတိုက်နှင့်နိုင်ငံတကာအရေးပါသောပြတိုက် စာချုပ်ပြုလုပ်ခြင်းအားဖြင့် ပထမဦးဆုံးသောတရားဝင်ပူးပေါင်းဖလှယ်ခြင်းကို စတင်ခဲ့သည့်အပြင် ပြတိုက်နှစ်ခု ပူးပေါင်းဆောင်ရွက်သည့် သစ်လွင်သောအခန်းကဏ္ဍကိုလည်းဖွင့်လှစ်ပေးခဲ့သည်။ရှေးဟောင်းပစ္စည်းပြတိုက် နှင့်ဂမ်းမက်ပြတိုက်ပထမဦးဆုံးပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် ထိုင်ဝမ်နိုင်ငံ၏ နှစ်တစ်ရာပြည့်အထိမ်းအ မှတ်တွင်「ခမ်းရှီးဘုရင်နှင့်နေဘုရင်လူဝီ၁၄ ၁၄ (The Sun King Louis 14)အထူးပြခန်း」ကိုပြသခဲ့ပြီးဂမ်းမက် ပြတိုက်သည်၎င်း၏ နဂိုရှိတရုတ်အိတ်စ်ပို့ ကြွေထည်စသဖြင့်သော ရှေးဟောင်းပစ္စည်းများကိုဌားရမ်းပေးသည် သာမက ပြင်သစ်မှပြတိုက်ပစ္စည်းဌားရမ်းခြင်းဆိုင်ရာကိစ္စရပ်အားလုံးကို ကူညီခဲ့သည်။ ၎င်းပြတိုက်သည်ယခုအ ခါကျွန်ုပ်တို့ တောင်ပိုင်းပြတိုက်နှင့်ဆွေးနွေး၍ ကျွန်ုပ်တို့ ပြတိုက်မှနဂိုရှိကျောက်စိမ်းပစ္စည်းများကိုဌားရမ်းပြီး ၎င်း ပြတိုက်၏ကျောက်စိမ်းပြခန်းကို ကျင်းပရန်စီစဉ်နေသည်။ဒါ့အပြင်နောင်အခါတောင်ပိုင်းရှေးဟောင်းပစ္စည်းပြ တိုက်ဖွင့်လှစ်ပြီးနောက် ဂမ်းမက်ပြတိုက်၏နဂိုရှိနာမည်ကျော်အာရှအနုပညာပစ္စည်းများ ပံ့ပိုးကူညီဌားရမ်းပေး ရန် ၊「ကမ္ဘောဒီးယားအနုပညာပြခန်း」ကိုပူးပေါင်းဖွင့်လှစ်ရန်ကိုလည်း ဂမ်းမက်ပြတိုက်ကကတိပြုခဲ့သည်။ ပြ တိုက်နှစ်ခုအတွင်း အလွန်ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှု မှုရှိသည်။
၂ . ကျွန်ုပ်တို့ တောင်ပိုင်းပြတိုက်သည်ဂျပန်နိုင်ငံအိုဆာကာမြို့ (Osaka)ရှိ အရှေ့ တိုင်းအနုပညာပြတိုက်(Museum Of Oriental Ceramics)၊ ဂျပန်တိုကျိုအမျိုးသားပြတိုက်(National Tokyo Museum) ၊ ရှမ်ယမ်ရှေး ဟောင်းပစ္စည်းပြတိုက် (Shenyang Palace Museum)များနှင့် နိုင်ငံတကာဌားရမ်းပြသသည့်ပြခန်း နှင့်အပြန် အလှန်ကျေးဇူးတုံ့ ပြန်သောပြခန်းများ ပြုလုပ်ရန်ညှိနှိုင်းသည်။ဤပြတိုက်သည်၂၀၁၄ခုနှစ်ဇန္နဝါရီလ၂၁ရက် တွင် ဂျပန်နိုင်ငံအိုဆာကာမြို့ ရှိအရှေ့ တိုင်းအနုပညာပြတိုက်နှင့် စာချုပ်အခမ်းအနားပြုလုပ်ခဲ့သည်။ ရှေး ဟောင်းယဉ်ကျေးမှုပစ္စည်းဌားရမ်းသော စာချုပ်အကြောင်းအရာတွင်ပါဝင်သည်မှာ「စိမ်းပြာရောင်—ဂေါ်ရို စိမ်းပြာရောင်ကြွေထည် (Goryeo Celadons)အထူးပြခန်း」၁၇၅စုံသောရှေးဟောင်းယဉ်ကျေးမှုပစ္စည်းနှင့်「မိုင်ပေါင်းများစွာရွက်လွှင့်ခြင်း —ဂျပန်အင်မရီကြွေထည်ပစ္စည်း် (Japanes Imari Porcelain)အထူးပြခန်း」၁၆၁စုံသောရှေးဟောင်းယဉ်ကျေးမှုပစ္စည်းပြခန်းများကို တောင်ပိုင်းပြတိုက်မှအိမ်ရှင်အဖြစ်ကျင်းပမည် ၊ ပြခန်းပြ သသောကာလကို၂၀၁၅ခုနှစ်ကုန် မှ၂၀၁၈ခုနှစ်ထိစီစဉ်ထားသည်။တခြားအရာတွေကတော့「ဂျပန်အနုပညာ၏ အကောင်းဆုံးလက်ရာ : တိုကျိုအမျိုးသားပြတိုက်နှင့်ကျူးရှူး အမျိုးသားပြတိုက်(Kyushu National Museum)၏အဖိုးတန်ပစ္စည်းပြခန်း」ကိုလည်း ၂၀၁၆ခုနှစ်ဒီဇင်ဘာလမှ၂၀၁၇ခုနှစ်မတ်လအထိ တောင်ပိုင်းပြတိုက်မှအိမ် ရှင်အဖြစ်ကျင်းပမည်။ဂျပန်နိုင်ငံ၏ပန်းချီကား ၊ ဗုဒ္ဓဘာသာ၏ပန်းပုရုပ်များ ၊ မြေထည်ကြွေထည် ၊ ယွန်းထည် ၊ ပုံ စာအုပ် ၊ စာပေစသဖြင့်အစုံ၁၅၀ပါရှိပြီး ထိုအစုံများထဲတွင်ဂျပန်နိုင်ငံ၏အဖိုးတန်ပစ္စည်းများ ၊ အရေးပါသောယဉ် ကျေးမှုအမွှေအနှစ်ပစ္စည်းများ ၊ အရေးပါသောအနုပညာပစ္စည်းများအားလုံး၆၈စုံပါဝင်သည်။ယခုစာချုပ်ချုပ်ရန် ညှိနှိုင်းမှုပြုသောအပိုင်းသို့ ရောက်နေပြီဖြစ်သည်။ဒါ့အပြင်တောင်ပိုင်းပြတိုက်၏ဖွင့်ပွဲအခမ်းအနားတွင် ရှမ်ယမ် ရှေးဟောင်းပြစ္စည်းပြတိုက်မှ၎င်း၏နဂိုရှိပစ္စည်းများကို ဌားရမ်းပေးရန်ညှိနှိုင်းစာချုပ်ချုပ်နေတုန်းဖြစ်သည်။
၃ . ကျွန်ုပ်တို့ တောင်ပိုင်းပြတိုက်သည်၂၀၁၄ခုနှစ်မတ်လ၃၁ရက်နေ့ တွင်ဆန်ဖရန်စစ်စကိုရှိ အာရှအနုပညာပြ တိုက်နှင့်ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာကို လက်မှတ်ရေးထိုးသည်။၂၀၁၆ခုနှစ်တွင်ကျွန်ုပ်တို့ ပြတိုက်၏ လက်ရွေးစင်ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများကို ၎င်းပြတိုက်တွင်ပြသရန်၊၎င်းပြတိုက်မှအပြန်အလှန်ကျေးဇူး တုံ့ ပြန်သော အာရှအနုပညာရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများကိုလည်း၂၀၁၇ခုနှစ်၌ တောင်ပိုင်းရှေးဟောင်းပ စ္စည်းပြတိုက်တွင်ပြသရန် ကြိုတင်သတ်မှတ်လိုက်သည်။