ဤဗူးသီးပုံခရားမှာ အဝသေးခါးကျုံ့၊ အောက်ခြေပြား၍ ကျယ်ပြီး အဖုံးတွင် ပုလဲလုံး တပ်ထားသည်။ လက်ကိုင်သည် ခါးထက်မြင့်ပြီး လက်ကိုင်ရုံးအပေါ် အောက်ကို ပခုံးမှ ခါးနှင့် ကိုယ်ထည်နေရာတွင် ဆက်ထားသည်။ ထိုဆက်ရာထိပ်တွင် အနွယ်ပုံစံဖြင့် ချည်ထားပြီး ဆက်ထားသောနေရာတွင် ဖိရာရှိ၍ လက်ကိုင်ဘေးနှစ်ဖက်မှာ မြင့်နေဟန် ရှိသည်။ ရေထွက်ပေါက်မှာ အမြင့်သို့ကောက်၍ လက်ကိုင်အမြင့်နှင့် အညီရှိသည်။ ရေခရားသည် လည်ပင်းနေရာမှစ၍ ၈ ပိုင်းပိုင်းပြီး၊ ခါးနေရာတွင် နောက်ထပ် ၂ ပိုင်းထပ် ပိုင်းသည်။ ကိုယ်ထည်ကို ကျောက်ထွင်းနည်းဖြင့် ပုံဖော်ထားသည်။ လည်ပင်းတွင် ပုလဲလုံး အခေါင်းတွဲနှင့် ကြာပန်းပွင့်ဖတ်ပုံဆွဲထားပြီး အလျားလိုက်မျဉ်းကြောင်းဖြင့် ခြားထားသည်။ ကြာပန်းပွင့်ဖတ်အတွင်းရှိ ပုလဲလုံးတွဲကိုမူ ဒေါင်လိုက်မျဉ်းနှင့် ဆက်ထား သည်။ ပုခုံးနှင့် ကိုယ်နေရာတွင် အဖြူရောင် အမဲရောင်ဖြင့် ဂန္ဓမာပန်းခက်ပုံစံထွင်းထားသည်။ ပန်းခက်မှာ အကွေ့အကောက်များပြီး ပန်းပွင့်နှင့် ပန်းငုံများကိုလည်း နေရာအပြည့်ဆွဲ ထားသည်။ ရေခရားအောက်ပိုင်းတွင် ကြာပန်းပွင့်ဖတ်နှစ်ဆင့်ကို အလျားလိုက် မျဉ်းကြောင်းနှင့် ဂန္ဓမာပန်းခက်ဖြင့် ခြားထားသည်။ ကြွေရည်အရောင်စိုပြေ၍ သေသပ် လှပသည်။ အောက်ခြေကြွေရည်ပါးသောကြောင့် ကော်ဖီရောင်မြေဆေးကို တွေ့ရပြီး သံချာင်း (၃) ချောင်းအရာကိုလည်း တွေ့ရသည်။
လူကြိုက်များသည့်အညွှန်းကိန်း:2 |
---|