စာလုံးအဆင့်(font)အရွယ်အစား :

စုခြင်း

ကွှေထညျ
ဂဒ္ဓမာပန်းပုံကြွေထည်ရေခရား
၁၃ ရာစုကောင်းလီခေတ
ဂဒ္ဓမာပန်းပုံကြွေထည်ရေခရား 
အမြင့် 23cm, အကျယ် 14.7cm

ဤကြွေထည်ရေခရားသည် အောက်ခြေပြား၍ အဝကျဉ်းပြီး ပန်းပွင့်ဟန်ရှိသည်။ ရေခရား လက်ကိုင်မှာ မြင့်မား၍ အဝင်ဝအနီးသို့ ရောက်နေသည်။ ခရားအောက်ပိုင်းလုံးဝန်းပြီး လက်ကိုင် နှင့် တစ်သားတည်းပေါင်းစပ်သွားပါသည်။ ကိုယ်ထည်မှာ အဖြူရောင်အဓိက ဖြစ်ပြီး အနက်ရောင်ဖြင့် အနားကွပ်ထားပါသည်။ အဝအနားမှ လည်ပင်းထိကို မိုးကြိုးနှင့် မြက်လိပ်ပုံထွင်းထားပြီး အလျားလိုက်မျဉ်းကြောင်းဖြင့် ခြားထားသည်။ ပခုံးနေရာတွင် ကြာပန်းပွင့်ဖတ်နှစ်ဆင့်ကို အလျှားမျဉ်းနှင့် လူရီမျဉ်းကြောင်းဖြင့် ခြားထားသည်။ ပခုံးနေရာတွင် ကြာပန်းပွင့်ဖတ်နှစ်ဆင့်ကို အလျှားမျဉ်း နှင့် လူရီမျဉ်းကြောင်းဖြင့် ခြားထားပြီး ပွင့်ဖတ်ကြားတွင် ပုလဲလုံးတွဲဖြင့် ပုံဖော်ထားသည်။ ကိုယ်ထည်တွင် အရစ် ၂ ဝိုင်းရှိပြီး ဘေးပတ်လည်တွင် ပုလဲလုံးတွဲဖြင့် စီထားသည်။ အဝိုင်းတွင် ဂန္ဓမာပန်းခက်၊ ဂန္ဓမာရွက် နှင့် ကြာပန်းပွင့်ဖိတ်တို့ကို အလျှားလိုက်မျဉ်းကြောင်းဖြင့် ခြားထားသည်။ ကြေရည်မှာ မီးခိုးရောင်ဖြစ်ပြီး အောင်ခြေတွင် ကြွေရည်မသုတ်ထားပေ။ ပွင့်လန်းနေသော ဂန္ဓမာပန်းပွင့်သဖွယ် ပုံဖော်ထားသော လက်ရာမှာ အင်မတန် ထည်ဝါ ခမ်းနားလှပေသည်။

 

   လူကြိုက်များသည့်အညွှန်းကိန်း:2 
[MM]標籤 :


top