လိပ်ပြာပန်းအဆင် ဤပါတိတ်လုံချည်သည် အ၀ါရောင် လိမ္မော်ရောင်နှင့်အပြာရောင်အ စင်းဖြင့်ပတ်ထားပြီး၊လုံချည်အနားကိုမူ အ၀ါရောင်၊အပြာရောင်နှင့်ခရမ်းရောင်သုံးရောင် ဆက်အဆောင်းပန်းပုံစံထွင်းထားသည်မှာ အင်မတန်ထယ်ဝါလှပါသည်။
လုံချည်စပေါ်တွင် ထုတ်လုပ်သူ၏ တံဆိပ်နှစ်ခုပါဝင်ရှိပြီး၊တစ်ခုမှာ''CAP KERTU REG No1582၊PEKALOGAN''နှင့်နောက်တစ်ခုမှာ ''CAP KERTU MASTERPIECE REG No172664-179148 INDONESIA MASTERPIECE ''ဟူ၍ ရိုက်နှိပ်ထားပါသည်။ တံဆိပ်ကိုကြည့်ခြင်းဖြင့်ဤပါတိတ်ကို အင်ဒိုနီးရှားနိုင်ငံရှိ KERTU စက်ရုံတွင်ထုတ်လုပ် ကြောင်းသိရသည်။
လူကြိုက်များသည့်အညွှန်းကိန်း:0 |
---|