ပန်းအိုးကို ကြွေရည်မသုတ်ပဲသစ်သားဖြင့် မီးဖုတ်သည်။ မီးဖိုးထဲတွင်အချိန်ကြာမြင့်စွာ ဖုတ်ရသဖြင့်ပြာမုန့်များသည် ပန်းအိုးပေါ်သို့ကျလာကာ သဘာဝအတိုင်း တစ်ဖက်က မီးခိုးရောင်အပူချိန် ပြင်းပြင်းဖြင့် ဖုတ်ထွက်လာသော သံနီရောင်၊အိုးလည်းပင်းပိုင်းကအ၀ါ ရောင်၊သုံးရောင်ပေါင်းစပ်ပြီး တစ်ပြေးညီမရှိသော ဤသဘာဝအရောင်ကိုရရှိလေသည်။ ပိတ်ချန်သည် ကုန်စန်းဒေသ (Okayama prefecture) ပိတ်ချန်မြို့အနီးရှိ ဖိုမှထွက်လာ သောကြွေထည်ဖြစ်သည်။ ပိတ်ချန်ဖိုထွက်ပစ္စည်း၏သေတ္တာအပြင်တွင် ရှေးပိတ်ချန်း ''ဒယ်လီပန်းအိုး''ဟူ၍ တံဆိပ်အမဲရောင်နှိပ်ထားသည်။ ဆိုလိုသည်မှာ ဤအိုးသည်ယခင် ကအရက်အိုး'' ဒယ်လီ''မှာအရက်အိုးဖြစ်သည်။ ယခုပန်းအိုးအဖြစ်အသုံးပြုလာသည်။
လူကြိုက်များသည့်အညွှန်းကိန်း:1 |
---|