ဤပန်းကန်လုံးသည် အဝကျယ်၍ မတ်သည်။ အခြေနိမ့်၍ သံချောင်း (၃) ချောင်းအရာလည်း ရှိသည်။ ခွက်အတွင်းရှိ အဝနားတွင် မြက်လိပ်ပုံအနားသပ်နှင့် အဝိုင်း(၅)ဝိုင်းကို တွေ့ရသည်။ အလယ်နေရာတွင် ဂန္ဓမာပန်းပုံဆွဲထားပြီး ဘေးနံရံတွင် ငါးနှစ်ကောင်ပုံဆွဲထားသည်။ ငါးမျက်စိ၊ ငါးမျက်နှာပုံသဏ္ဍာန်နှင့် ငါးရေခွံကို အဖြူအမဲရောင်ဖြင့် ထွင်းထားသော ကြောင့် အလွန်ထင်ပေါ်သည်။ အပြင်ပိုင်းတွင် အဝိုင်း ၄ ဝိုင်းရှိပြီး ပန်းခက်၊ ပန်းပွင့် နှင့် ထန်မျက်တို့ဖြင့် ပုံဖော်ထားသည်။ အဝအောက်ပိုင်းနှင့် ကိုယ်အောက်ပိုင်းတွင် မြက်လိပ် နှင့် အလျားလိုက် မျဉ်းကြောင်းဆွဲထားသည်။ ကြွေရည်အရောင်မှာ မီးခိုးရောင်ဖြစ်၍ အောက်ခြေထိဆေးသုတ်ထားပြီး လက်ရာသေသပ်မှုလိုသေးသည်။ ငါးသည် ကောင်းလီအယူတွင် မျိုးစက်ပွားများနိုင်ခြင်းရှိ၍ ကောင်းလီခေတ်ကြွေထည်များတွင် အများဆုံးတွေ့ရသည်။ ငါးနှစ်ကောင်မှာမူ လင်မယားစိတ်တူကိုယ်တူရှိနေသည်ဟူ၍ အဓိပ္ပါယ်ရသည်။
လူကြိုက်များသည့်အညွှန်းကိန်း:1 |
---|