18-19 ရာစုက အိန္ဒိယ Coromandel Coat တွင်လက်ဆိုးအစလုပ်ငန်းတွင်ကျယ်ခဲ့ပြီး ဥရောပနိုင်ငံများသို့တင်ပို့ရောင်းချခဲ့သည်။ ယခုချိတ်ထားသောလက်ရာမှာထိုခေတ်က အရောင်းသွက်ခဲ့သော ဖလန်စဖြစ်ပြီး ချည်ထည် ကိုလက်ဆိုးဆေးဆိုး၍ အဓိက အားဖြင့် အိပ်ရာခင်း (သို့)အလှချိတ်လက်ရာအဖြစ်သုံးသည်။ ဤအစအလယ်ရှိ သစ်ပင်ကြီးပေါ် တွင်ငှက်ပေါင်းစုံနားနေလျက်ရှိပြီး၊သစ်ပင်ကြီး၏ ဘေးတစ်ဖက်တစ်ခြမ်းတွင် ဥဒေါင်းနှင့် ပန်းပေါင်းစုံတို့ဖြင့်ပုံဖော်ထားသည်။နေရာလွတ်သောကြားနေရာတွင်လိုင်းအကောက်များ
ဖြင့်ဖြည့်ထားပြီး၊ဘေးပတ်လည်တွင် လိပ်ပြာကြိုးဖြင့်ပတ်ထားသော ပန်းကုံးဖြင့်ဆင်ထား ခြင်းဖြင့် အလယ်ပုံကို ပို၍ထင်းစေသည်။ ဤပုံတွင်အရှေ့တိုင်းလက်ရာ ဒီဇိုင်းပါဝင်ပြီး ဘ၀၏ပြည့်စံချမ်းသာမှုနှင့်တိုးတက်ကြီးပွားမှုပုံရိပ်ကိုပေါ်စေသည်။
လူကြိုက်များသည့်အညွှန်းကိန်း:1 |
---|